ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Thursday, May 17, 2012
ပေါက်ကွဲသံစဉ်(ကဗျာ)
မဖြစ်နိုင်ဘူးလား ???
လုပ်ပြမယ်လေ----
ခင်ဗျားတို့ ဘေးဖယ်နေပေါ့
ကိုယ်တိုင်လဲ အသုံးမကျ
လုပ်ပြမယ်ဆိုတော့လဲ လက်မခံ
ခင်ဗျားတို့ ဘာအကြံလဲ ----???
ဟိုး -- အရင်က
ဓါတ်ဆီဆိုင် ပန့်ကိုင်တဲ့အလုပ်သမား
အခုခေတ်ဝန်ကြီးလစာ ထက်သာ
အားလုံးသိပါတယ် -----
ခုတော့ ပုဂ္ဂလိက ကိုပြောင်း
ကံကြမ္မာတွေ ညောင်းတော့
ပန့်ကိုင်ခဲ့တဲ့ အဲဒီလက်
ခွက်ဆွဲရတော့မယ် -----
အဲဒီပုံရိပ်က ခင်ဗျားတို့ကိုခြောက်
သိပ်ကြောက်နေတယ်ပေါ့ ။
ဝင်ငွေအလွန်ကောင်းတဲ့ စီးပွားရေးတွေ
အစိုးရက ချုပ်ကိုင်နေတာတောင်
ကျုပ်တို့နိုင်ငံ ဘာ့ကြောင့်များ
မွဲနေရသလား မေးရင်------
အစိုးရဘဏ္ဃာကို ဝင်လာတဲ့
ဝင်ငွေဆိုတဲ့ ``ရေ``
ကန္တာရနဲ့ တူတဲ့ ခင်ဗျားတို့တွေကို
ဖြတ်သန်းပြီး စီးဆင်းနေရမှတော့
သဲထဲရေသွန်ဆိုတာ ဖြစ်နေမှာပဲ။ ။
ကျုပ်ပြောမယ်ဗျာ----
မဖြစ်နိုင်တာဆို ထားပါတော့ --
ဖြစ်နိုင်တာကို ညစ်နေတာ
လူတိုင်းသိနေမှတော့
ခိုးထုတ် ခိုးထည်နဲ့မိတဲ့ တရားခံ
ဘယ်လိုနှုတ်လှန်ထိုးမလဲ ---
တရုတ်နိုင်ငံက
အထပ် သုံးဆယ်ရှိတဲ့အဆောက်အအုံ
(၁၅) ရက်နဲ့ပြီးအောင်ဆောက် ဆိုပဲ----
အခု ကျုပ်တို့တောင်းဆိုတာ
အဲဒီလောက် မခက်ပါဘူး
နောက်ပြီး လာသေးတယ်
ဂုံးကျော်တံတား လေးစင်း
လေးလအတွင်း အပြီးတဲ့ ---
soil test လုပ်တာကိုများပြောလေသလား
ငါနားကြားမှားခဲ့။ ။
ခုတော့ မြင်မှပဲယုံတော့မယ်
ဒါကြောင့် ကျုပ်စိတ်မှာ
အမှိုက်တစ်ခု လိုပယ်ထားတယ်။ ။
လုပ်ပေးကြစမ်းပါဗျာ -----
ခင်ဗျားတို့လည်း မြန်မာပါပဲ
ဘယ်လောက်ချမ်းသာချမ်းသာ
တစ်နေ့ထမင်း (၃) ထပ်ပါပဲ--
ဘယ်လောက်ရာထူးကြီးကြီး
သေခါနီးမှ တရားရတတ်တာ
ထုံးစံကြီးပါပဲ----
``အဘ`` ``အဘ`` နဲ့
ခင်ဗျားတို့ကို ``ချ`` နေတာလဲသတိထား
ခင်ဗျားတို့လဲရထူးပြုတ်
သူတို့တွေလည်း ``သုတ်``ကနဲပြေး
ခင်ဗျားတို့ရှေ့ကနမူနာ
အများကြီးပါပဲ။ ။
အဲဒီကပ်ဖားအုပ်စုဟာ
ခွေးသေပုတ်တွေစားတဲ့ ဠင်းတတွေလိုပါပဲ
သူတို့စားလို့ရနေသမျှ
ခင်ဗျားတို့နားကမခွာ
သွားပြီး မကြည်နူး ပါနဲ့---
ကိုယ်တိုင်လဲခွေးသေပုတ်ဘဝ
မရောက်ကြစေနဲ့----
စိတ်တိုလို့ပြောလိုက်တာ
ရိုင်းတာတွေပါရင်
ခင်ဗျားတို့က
ကျုပ်ထက်အသက်ပိုကြီး
ရှိခိုးပြီးတောင်းပန်ရ---- တောင်းပန်ရ
ကျုပ်လုပ်ပါ့မယ်။ ။
ကိုစိုးနိုင်
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment