ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, May 12, 2012

ပြိုင်ဘက်(ကဗျာ)


ပြိုင်ဘက်

နှစ်ဆယ့်တစ်ရာစု
ဒီဘက်ခောတ်မှာ
ယောင်္ကျားတွေကို  မိန်းမတွေက
ပုခုံးယှဉ်ပြီး ရှေ့ထွက်
(အဲဒါကို) ကြိုဆိုလျှက်ပါ။

စီးပွားရေး ၊ လူမှုရေး
နိုင်ငံရေး နဲ့ အနုပညာ
စတဲ့ အရာတွေကို
ယှဉ်ပြိုင်ကာအနိုင်လု
ပြိုင်တုကြပေါ့။

အဲသလိုမဟုတ်ဘဲ
``ယောင်္ကျားကောင်း မောင်းမတစ်ထောင်``ဆိုတဲ့
ယောင်္ကျားတွေ ဆိုနေကြစကား ကို
မခံချင်    ပြန်ယှဉ်မယ်ဆိုပြီး
``ဆံပင်တစ်ချောင်း  လင်တစ်သောင်း`` လုပ်ရင်ဖြင့်
မတွေးဝန့်မဒီကညာပျို ရယ်
သည်ဟာကိုတော့
စိတ် လျှော့ပါ  လို့။                

ko soe naing

No comments:

Post a Comment