ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, May 13, 2012

ဟာသများ(၂)


၁ ။ သူတို့ မမှားဘူး
      ကလေးတစ်ယောက် ကျောင်းမှ အိမ်သို့ ပြန်ရောက်သောအခါ
     - အမေ .. ကျွန်တော့်ကိုသူငယ်ချင်းတွေက အရူးလို့ ပြောတယ် .. အဲဒါဟုတ်လားဟင်
     - ဟဲ့ကောင် .. ငါမင်းအဖေကွ


၂ ။ အလိုက်သိတဲ့သား
     မိသားတစ်စု ကားတစ်စီးဖြင့် အပန်းဖြေခရီးထွက်လာကြ၏
     လေးနှစ်သားကလေးငယ်က ထိုင်လိုက်လာရင်း
    - မေမေ မေမေ ဟိုမှာကြည့် မြစ်ကြီး
    - မေမေ မေမေ ဟိုမှာကြည့် နွားအုပ်တွေ
    - မေမေ မေမေ ဟိုမှာကြည့် မီးရထားတွဲကြီး
    - ဖေဖေ ဖေဖေ ဟိုမှာကြည့် ရွှေရောင်ဆံပင်နဲ့ ကောင်မလေး


၃ ။ ကျန်တာကောင်းတယ်
    မိန်းမတစ်ယောက် ရဲစခန်းသို့ အူလျားဖားလျားပြေးလာ၏
    - ကျွန်မ ကို လူဆယ့်သုံးယောက် မတော်မတရား ကျင့်ပါတယ်
    - မပူပါနဲ့  .. အားလုံးရှာပြီး အရေးယူပေးပါ့မယ်
    - အကုန်လုံးရှာစရာမလိုပါဘူး .. သုံးယောက်မြောက်ရယ် ၊ ရှစ်ယောက်မြောက်ရယ် ၊ ဆယ့်နှစ်ယောက်မြောက်ရယ်ကိုပဲ အရေးယူပေးပါ




၎ ။မှတ်ပလား
    ဆိုင်တစ်ဆိုင်သို့  ယောင်္ကျားတစ်ယောက်ဝင်လာ၍
    - ကျေးဇူးပြု၍ဗျာ .. အတွင်းခံဘောင်းဘီ ရှိလား
    - မရှိဘူး
    - ခင်ဗျား မရှက်ဘူးလား ?



၅ ။ ကျန်တာ နောက်မှ
    ကလပ်တစ်ခုတွင် လူငယ်တစ်ဦးက မိန်းကလေးတစ်ဦးကို အတူတွဲကရန်ဖိတ်ခေါ်၏
    - ဟိတ် အလန်းလေး .. ခွင့်ပြုပါလား
    - ရပါတယ် .. ဒါပေမယ့် အရင်ကကြဦးမယ်လေ


၆ ။ အကုန်ထောင့်မှာ
    လူတွေ့မေးဖြေ စာမေးပွဲခန်း ၌ ပရော်ဖက်ဆာက နောက်ဆုံးကျန်သော ကျောင်းသားအားမေး၏
    - နေပါဦး .. ငါမင်းကို လက်ချာချိန်တွေမှာ တစ်ချိန်မှ မမြင်ပါလား
    - ဟုတ်ကဲ့ .. ကျွန်တော် ထောင့်မှာပဲ အမြဲထိုင်လို့ ပါ
    - ဒီလောက်အခန်းထောင့်ကျဉ်းကျဉ်းလေးမှာ မင်းအပါအ၀င် လူသုံးဆယ် ထိုင်လို့ ရတယ်ဆိုတာ ငါဒီနေ့မှပဲ ကြားဖူးတော့တယ်


၇ ။ ဒါကြောင့်ကိုး
    ဘတ်စ်ကားတစ်စီးပေါ်တွင်
    - ဒီမယ် .. ရှင့်လက်ကိုအခုချက်ချင်း ကျွန်မ ရင်ဘတ်ပေါ်ကနေမဖယ်ဘူးဆိုရင် ၀ီစီ မှုတ်လိုက်မယ်
    - သြော် .. တွယ်တဲ့တန်းက ကြီးလှချည်လားလို့ စဉ်းစားနေတာ .. ဆောရီးပါဗျာ


၈ ။ အသံဆိုးကြီးနဲ့  
    ကလေးတစ်ယောက် အိပ်ချိန်တန်သော်လည်း မအိပ်သောကြောင့် အမေဖြစ်သူက
    - ယောက်ျားရေ ကျွန်မ သူ့ကိုသီချင်းဆိုပြီးချော့သိပ်မှရတော့မယ်ထင်တယ်
    - ကလေးကိုဘာလို့ နှိပ်စက်မှာလဲ .. တစ်ခြားကောင်းတဲ့နည်းလမ်းတွေရှာပြီးချော့သိပ်ကြည့်ပါဦးဟာ


၉ ။ အေးဆေးပဲ
    ကောင်ကလေးနှင့် ကောင်မလေး တို့ စကားရည်လုတမ်း ကစားနေကြ၏
    ကောင်လေး - ငါ့မှာ ကားလေးရှိတယ်
    ကောင်မလေး - ငါ့မှာ အရုပ်ကလေးရှိတယ်
    ကောင်လေး - ငါ့မှာ ကော်သေနတ်လေးရှိတယ်
    ကောင်မလေး - ငါ့မှာ ဆွဲကြိုးလှလှလေးရှိတယ်
    ကောင်လေး - ............
    ကောင်မလေး - .........
    ကောင်လေးက အောက်ခံဘောင်းဘီအသစ်လေးကိုချွတ်ပြ၍  - တွေ့လား ငါ့မှာ ဒါရှိတယ်
    ကောင်မလေး ဆက်မငြင်းနိုင်တော့ပဲ ငိုပြီး ပြန်သွား၏ ။ နောက်တစ်ရက်တွင် စကားရည်လုတမ်း ကစားပြန်၏
    ကောင်လေးကလဲ ဘောင်းဘီလေး ချွတ်ပြ လေ၏ ။ ကောင်မလေးက ပြုံး၍
   - ငါကြီးလာရင် ငါ့မှာ ဒါမျိုး ၁၀ ခုလိုချင်လည်း ဖြစ်တယ် လို့ ငါ့မေမေက ပြောတယ်


၁၀ ။ မေးလိုက်ဦးမယ်
    ကောင်းဘွိုင်တစ်ဦး လက်နက်ရောင်းသောဆိုင်သို့ ၀င်လာ၏
    ဆိုင်ရှင်-  ဘာအလိုရှိပါသလဲ?
    ကောင်းဘွိုင် - ခြောက်လုံးပြူး တစ်လက်လောက် ၀ယ်ချင်လို့ပါ
    ဆိုင်ရှင် - ကျည်ဆံ ရော ခင်ဗျ ?
    ကောင်းဘွိုင် - ခဏလေးစောင့်ဗျာ 
    ဖုန်းကိုဖွင့်၍ - ဟဲလို ရိုးမ ဘဏ်ကလား? ခင်ဗျားတို့ ဆီမှာ လုံခြုံရေးဝန်ထမ်း ဘယ်နှစ်ဦးရှိတယ်ဆိုတာ ပြောပေးနိုင်မလား?



၁၁ ။ ငါမမှားဘူး

    ခရီးထွက်သွားသော လင်ယောင်္ကျား မမျှော်လင့်ဘဲ အိမ်သို့ ပြန်ရောက်လာ၏
   ဖောက်ပြန်နေသောမိန်းမဖြစ်သူက လင်ငယ်ကို ပြတင်းပေါက်မှ အမြန် တွန်းထုတ်လိုက်သည်
    အောက်သို့ ပြုတ်ကျရင်း လင်ငယ်က စဉ်းစားနေ၏
- " ဘုရားရေ .. ငါတော်တော်မိုက်မဲယုတ်မာတဲ့ လူပါလား !ဘာဖြစ်လို့ သူမ နဲ့ ဖောက်ပြန်မိပါလိမ့်
   ခုတော့ သေရတော့မယ် ၊ အိမ်မှာငါ့မိန်းမ နဲ့ ကလေးတွေနဲ့ တူတူ စားသောက်ကြ စကားပြောကြ
   တီဗီကြည့်ကြ နဲ့ ဘယ်လောက်နွေးထွေးတဲ့ ဘ၀ ....."
   ဘုတ် ! အမှိုက်ပုံပေါ်သို့ ပြုတ်ကျ၏ ။ ချက်ချင်းမတ်တပ် ထရပ်ပြီး အမှိုက်များခါချနေရင်း
  - "အသုံးမကျတဲ့ ဒီဦးနှောက်က ဘာတွေ တွေးနေမှန်းမသိဘူး"



၁၂ ။ ဒါမျိုး နောက်စရာလား

    စုံတွဲ ချစ်သူ နှစ်ဦး အင်းလျားကန်ဘောင်တွင် ကြည်နူးစွာ ဖက်ထားရင်း ထိုင်နေကြ၏
    - ချစ်လေး .. ကိုယ်မင်းကို တစ်ခုနောက်ချင်လို့
    - အင်း .. နောက် လေ မောင်
    "ဘူ" .. မနံဘူး ဟုတ် ?


၁၃ ။ ၀တ္တုကြိုက်သူ

    လပြည့်ည တစ်ခု၌ ပန်းခြံထဲတွင် ချစ်သူ နှစ်ဦး ထိုင်နေကြ၏
    ကောင်မလေးက ကြည်နူးစွာဖြင့်
    - ကို . မောင်ရင်မောင် က မမယ်မ ကိုချစ်သလို ကျွန်မကိုချစ်ရဲ့ လားဟင် ?
    -........
    - ကို .. ရှင်မွေးလွန်းနဲ့  မင်းနန္ဒာ လို ကျွန်မကိုချစ်နိုင်ရဲ့လားဟင်?
    -.....................
     - ကို ... ရိုမီယို က ဂျုးလိယက်ကို ချစ်တဲ့ အချစ်ထက်သာအောင် ချစ်မှာလားဟင် ?
     ကောင်လေး - (စိတ်မရှည်စွာဖြင့်) ဒီမှာ ၊ ငါအခုပဲ မိန်းမနိုင်နည်း စာအုပ် ဖတ်လာတာ ၊ အရိုက်ခံချင်လို့ လား .. ဟမ် ?



၁၄ ။ ၀ယ်လာတယ်များထင်နေလား
    ဆိတ်တစ်ကောင်ထမ်း၍ ပြန်လာသော မုဆိုးက လုပ်ဖော်ကိုင်ဖက်များကို ကြွားနေ၏
    မုဆိုး - တော်တော်ပစ်ယူလိုက်ရတယ်
    သူငယ်ချင်း - ဒီ ဆိတ်ပေါင်မှာ ရေးထားတဲ့ 17.25 ဆိုတာ ဘာတုန်းဟ
    မုဆိုး - ဘယ်မှာတုန်း .. အင်းးးးး .. အဲဒါလား .. သြော် အဲဒါ ငါသူ့ကိုပစ်လိုက်တဲ့အချိန်ကိုမှတ်ထားတာ



၁၅ ။ သူ့စိတ်ပေါ်မူတည်တယ်
    စာမေးပွဲခန်းတွင် ပရော်ဖက်ဆာ က စာမကြိုးစားသော ကျောင်းသားတစ်ယောက်အားမေး၏
    - စာမေးပွဲဟာ ဘာလဲ ဆိုတာ မင်းသိရဲ့လားဟေ့ ?
    - စာမေးပွဲဆိုတာ တတ်သိနားလည်ပြီးလိမ်မာတဲ့ သူနှစ်ယောက် ဆွေးနွေးခြင်း ဖြစ်ပါတယ်ခင်ဗျာ .. ကျောင်းသားကဖြေ၏
    - အေး ဟုတ်ပြီ .. အဲဒီထဲမှာ တစ်ယောက်က idiot ဆိုရင်ရော ကွာ ?
    ကျောင်းသားက အေးဆေးစွာပြော၏
    - ဒီလိုဆိုရင်တော့ ဒုတိယတစ်ယောက်က scholarship မရတော့ဘူးပေါ့ခင်ဗျာ


၁၆ ။ အဖေတူ သား
    စာမေးပွဲ နှစ်ဘာသာ ကျသော ရီပို့ ကဒ်ကို ကိုင်ရင်း အဖေက သားဖြစ်သူကို ဆူပူလေ၏
    စားပွဲကို တစ်ဘုန်းဘုန်း ပုတ်ရင်း
    - မင်း တစ်ကယ့်  ငဖျင်း ၊ ငကြောင် ပဲ .. နှစ်ဘာသာကျအောင်ဘယ်လိုများဖြေလဲ ??
    - အဖေ တံခါးခေါက်သံကြားတယ်
    - ထိုင်နေ .. ငါ့ဘာသာ သွားဖွင့်မယ်



အချိန်တိုင်း ပြုံးပျော်နိုင်ကြပါစေ  ( Dlad )
                 ကိုရုပ်ဆိုး ၏ ဖေ့စ်ဘွတ်မှ --- ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။   
                                ကိုစိုးနိုင်

No comments:

Post a Comment