ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, May 18, 2012

ဟာသများ



  ထင်တော့ထင်သားဘဲ--

   တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ် ။ မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ် ။ အဲဒါကတော့ သူ့ကို ဘာပြောပြော ဟုတ်လား -- ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ  --ဆိုပြီး အမြဲအဲသလိုပြောတတ်သတဲ့ ။ အဲဒါကို နေ့တိုင်းကြားနေရတော့ ယောင်္ကျားဖြစ်တဲ့သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ် ။ ဒါနဲ့ တစ်နေ့မှာ ယောင်္ကျားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး အချိန်မတန်မီ နွားကန် ( နွားမောင်းရာတွင် နွားကိုရိုက်ရန်သုံးသော တုတ်) ကိုင်ပြီး သူတစ်ယောက်ထဲပြန်လာတယ် ။ ဒါကိုမိန်းမကမြင်တော့ --
                  `` ဟော -- ရှင်ဘာဖြစ်လို့ အိမ်ကိုအစောကြီးပြန်လာရတာလဲ -- ဒါနဲ့ လှည်းတွေ နွားတွေရော --``
                   `` အေးကွာ -- မပြောကို မပြောချင်ပါဘူး -- ငါတောရောက်လို့ လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့ နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး မိုးပေါ်ပျံကုန်ကြတယ်ကွာ --``
                     ဒီတော့မိန်းမက သူ့ဝသီအတိုင်း --
                    `` ဟုတ်လား  -- ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ -- ဒီနွားနှစ်ကောင် ဒီနေ့မနက်မြင်ရတာ ထူးဆန်းနေသလားလို့ ``
                    ဒီတော့ ယောင်္ကျားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားကန်နဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး -- ပါးစပ်ကလဲ --
                     ``ထင်ဦးကွာ -- ထင်ဦးကွာ  မင်းဒီသောက်ကျင့် ကမပျောက်နိုင်ဘူး -- နွားတောင်ပံပေါက်ပြီး ကောင်းကင်ပျံတယ်လို့ပြောတာ ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစား ဘဲ သူဘဲကြိုသိသလိုလို ဒီသောက်ကျင့်ကမဖျောက်ဘူး --``
                    ဒီလိုလှိမ့်ပြီး အရိုက်ခံနေရတဲ့ ကြားက သူ့မိန်းမပြောတဲ့စကားကြောင့် သူဆက်ပြီး မရိုက်နိုင်တော့အောင် စိတ်ဓါတ်ကျသွားတယ် -- ပြောတာက

                  ``ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ ကျွန်မ အစကတဲက ထင်တော့ထင်သားဘဲတဲ့ ``



  မယ်ကန့်လန့်

  ရွာတစ်ရွာမှာဘဲဆိုပါတော့--   ။ မိန်းမလုပ်တဲ့သူဟာ ယောင်္ကျား ရဲ့ စကားကိုအမြဲတန်းကန့်လန့်တိုက်
တတ်တယ် ။ ဆန့်ကျင်ဘက်လုပ်တယ် ။ ယောင်္ကျားက အဖြူဆိုရင် သူက မဲတယ် --။ မိန်းမအထာသိတဲ့ယောင်္ကျားက ဘာလုပ်ချင် လုပ်ချင် အမြဲဆန့်ကျင်ဘက်ကိုပြောမှ သူဖြစ်ချင်တာဖြစ်ရတယ်--
  ဥပမာ -               `` မိန်းမရေ ဒီနှစ် ဘုန်းကြီး  ဆွမ်းမကပ်တော့ဘူး ကွာ ``
                            `` အို  ဘယ်ဖြစ်မလဲ -- ဆွမ်းကပ်ကိုကပ်မယ် ``
                            `` ဒါဆိုလဲကွာ  - တစ်ပါးလောက်  -အဖြစ်ကပ်လိုက်ပေါ့ ``
                            ``ဖြစ်မလား အနည်းဆုံး ငါးပါး ဘဲ --``
                              ``အင်းလေ မင်းသဘောပါဘဲ - လူကိုတော့ အိမ်နီးချင်း ခေါင်းရင်း - ခြေရင်းလောက်ဘဲ ဖိတ်ပေါ့ ``
                               ``မရပါဘူး   မိတ်ဆွေတွေ အားလုံးကို ဖိတ်မယ်  ``
                 ဒီလိုဘဲ သူဖြစ်ချင်တာ ရဘို့ မိန်းမကိုဆန့်ကျင်ဘက်ပြောပြောနေရတာ ကြာတော့ငြီးငွေ့လာတယ် --တစ်နေ့တော့ အခွင့်ကြုံလာတယ် - သူနဲ့ သူ့မိန်းမဟာ ခရီးတစ်ခုသွားရင်း ရေစီးသန် တဲ့ချောင်းတစ်ခုကို အဖြတ်မှာ မိန်းမဖြစ်သူ ချေချော်ပြီး ရေစီးသန်တဲ့ချောင်းထဲကို ကျသွားတယ် ။ ရေစီးနဲ့ အတူအောက်ဘက်ကိုမျောပါသွားပြီး ကယ်ပါယူပါ အော်ဟစ်လျှက်ပေါ့ ။
                 ယောင်္ကျားဖြစ်တဲ့သူဟာ ရေစီးအတိုင်း မလိုက်ဘဲ ချောင်းအထက်ဘက်ကိုပြေးကာ `` မပူနဲ့ မိန်းမရေ ငါလာပြီ -- ငါလာပြီလို့ ``အော်သတဲံ့   ။
                  မိန်းမ ဟာကံကောင်းလို့ သစ်ကိုင်းတစ်ခု ကိုဆွဲမိပြီး သူ့ဘာသာ ကမ်းပေါ်ကိုတတ်လာနိုင်တယ် -- နောက်ယောင်္ကျားလုပ်သူကို ရန်တွေ့တော့တယ်--
                                `` ဘယ်လို လုပ်တာလဲ မိန်းမတစ်ယောက်လုံး ရေစီးအတိုင်းမျော သွားတာကို ချောင်းအပေါ် ဘက်ကိုဘာဖြစ်လို့ သွားတာလဲ ``
                                 `` ငါလဲ ပထမတော့ အဲသလို လိုက်ဘို့ ပါဘဲကွာ -- ဒါပေမယ့် မင်းက အမြဲတန်း ဆန့်ကျင်ဘက်သမားဆိုတော့ သူများတွေလို ရေစီးအတိုင်း မမျောဘဲ ရေဆန်အတိုင်း မျောလာမယ်ထင်လို့ ဟေ့ ``
                      အဲဒီနေ့က စပြီး မယ်ကန့်လန့်တစ်ယောက် ဆန့်ကျင်ဘက်မလုပ်ရဲတော့ဘူးတဲ့ ။။ 
                                                     (မိတ်ဆွေများ ခင်ဗျား  ---ခင်ဗျားတို့မိန်းမ ပြောမကောင်းရင် ရေစိးသန်တဲ့ချောင်းထဲ တွန်းချပေတော့)

   သူ့ လိုကြိုးစား

                    မြန်မာစာသင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်ဟာ တစ်နေ့မှာ  လှေကားပေါ်က ချော်ကြတယ် ။ အောက်မှာ ခွေခွေလေးလဲနေရင်းက ခါးကြားက မြန်မာစကားပြောစာအုပ် ကို ကမန်းကတန်းထုပ်ပြီး စာမျက်နှာတစ်ခုကိုလိုက်ရှာတယ် ။-- တွေ့လည်းတွေ့ရော
                                                                 
                                                 အောင်မယ်လေးဗျ   --ဆိုပြီးထအော်ရောတဲ့ -------

                   post by ko soe naing


No comments:

Post a Comment