``ရှင်နော် --- -- ရှင်
အွန်လိုင်းပေါ်မှာ ------
လျှောက် လျှောက်အော်မနေပါနဲ့
ဂရုထဲ မှာ
ရှင့် ယောက်ဖ တွေမြှေုာက်ပေးတာနဲ့
ညသန်းခေါင် များ
ရှင့်ကို လာကုတ်သွားလို့ကတော့
စိတ်သာချ -
ကျုပ် အိပ်ယာကတောင်မထဘူး တဲ့ ----------``
``မိန်းမက စိတ်ပူတတ်သကိုး ``
ကျုပ်ကလဲ ကျုပ်
အလုပ်မအားတဲ့ကြား
ဖြုတ် ကနဲပဲ အချိန်ရ
အွန်လိုင်းပေါ် တတ်ခွပြီးသားပဲ ။ ။
အမြင်မတော်ရင်
ဝင်ဆော်ချင်တတ်တဲ့စရိုက်ကြောင့်
အလုပ်ထဲမှာလည်း --------
အပေါ်နဲ့လည်း ကီး မကိုက်
အောက်နဲ့လည်း စရိုက်မညီ
ခပ်တည်တည် နဲ့ ကျုပ်တစ်ယောက်တည်း
အဖော်ကွဲနေ တုန်း---
အွန်လိုင်းပေါ် ရောက်လာ
ဘော်ဒါတွေနဲ့တွေ့ ------- သဘောခွေ့ပေါ့။ ။
အေးလေ ---
အနာဂတ်မှာ ကောင်းစေချင်တာနဲ့
ကျုပ်မြင်တာ ကျုပ်ရေး
ကျူပ်ဘေးလည်း ကျုပ်မမြင်မိ
မိန်းမရှိလို့ သတိပေးတာ
တော်သေးပါရဲ့ ---------
လေးစားတယ်ဗျာ ---
ငြိမ်းချမ်းစွာနဲ့ဆန္ဒပြ
အဖမ်းခံရလည်း အမျက်မထွက်
ခွင့်လွှတ်ချက်ကလည်း ကမ်းကုန်
ငြိမ်းချမ်းရေး ဘုံ တည်ဆောင်ချင်လို့
အားလုံးကိုခဝါချ ----
ခွင့်လွတ်ကြသတဲ့။ ။
အနာဂတ်မှာ --
ရန်ကို ရန်ချင်းမတုန့်နှင်းချင်ပါဘူး တဲ့
ခံရတဲ့ သူတို့ကိုယ်တိုင်
ခွင့်လွတ်နိုင်မှတော့-----
ပရိသ၁တ် ဖြစ်တဲ့ ကျုပ်တို့က
လိုက်လျောရတော့မပေါ့။
ကိုဇာဂနာ ခေါ် ကိုသူရ ၏ ခွင့်လွှတ်နိုင်စွမ်းအားကို ဂုဏ်ပြုပါသည်။
No comments:
Post a Comment