ဘုန်းကြီး----မျက်စိပါပြီး အမြင်အာရုံ ကောင်းတဲ့ လူသားတိုင်း -- ပတ်ဝန်းကျင်ကို မြင်ခွင့်ရှိတယ် ကြည့်ခွင့်ရှိတယ်---- ဟုတ်ရဲ့လား---
တကာ ----- တင်ပါ့ဘုရား
ဘုန်းကြီး ---- အေး-- အဲသလိုကြည့်ပြီး -- မြင်ကြတဲ့အခါ -- လူ့ရဲ့ဘဝင်စိတ်ဟာ ချောတာ လှတာ ကောင်းတာ စတဲ့ အရာတွေပေါ်မှာပျော်မွေ့တတ်တဲ့သဘာ
တကာ ------ မှန်ပါဘုရား
ဘုန်းကြီး ----- ကြည့်တယ် မြင်တယ် ဆိုတဲ့အဆင့်ထိ ဘာမှပြသ၁နာမရှိဘူးကွဲ့ --- မြင်ပြီးနောက်မှာပေါ်လာတဲ့ ခံယူစိတ်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲသွားသကွဲ့---
တကာ --- မှန်လှပါဘုရား-- ဆက်လက်အမိန့်ရှိပါဘုရား--
ဘုန်းကြီး ---- မင်းက ပုထုဇဉ်ပုတ်ကိုယ် -- မင်းကိုဘုန်းကြီးမေးမယ်-- ရိုးရိုးသားသားဖြေ-- ဘုန်းကြီးအကြိုက်လိုက်ပြီး မဖြေနဲ့ ကြားလား ---
တကာ --- တင်ပါ့ဘုရား
ဘုန်းကြီး---- မင်း--- ကောင်မလေး ချောချောလှလှ တွေ့ရင်ကြည့်မှာလား
တကာ ------- ကြည့်မှာပါ ဘုရား--
ဘုန်းကြီး ---- ကြည့်ပြီးရင် ဘယ်လိုခံစားရလဲ
တကာ --- ချောရင်---လှရင်---ဆွဲဆောင်မှုရှ
-ဘုန်းကြ--- ဟဲ့ကောင် လိုရင်းဘဲပြောစမ်း ငါတယ်လေ--လိုချင်တယ်ပေါ့ ဟုတ်လား
တကာ -- တင်ပါ့ဘုရား
ဘုန်းကြီး -- လိုချင်တယ်ဆိုတာ ဘာစိတ်လဲ
တကာ -- လောဘစိတ် တဏှာစိတ်ပါဘုရား
ဘုန်းကြီး -- ဘယ်သဘောရှိလဲ
တကာ -- ပူလောင်တဲ့သဘောရှိပါတယ်ဘုရား
ဘုန်းကြီး ----- ဒါဆိုရင် မီး ရဲ့ သဘောပေါ့ မင်းကိုမီးစလောင်ပြီပေါ့--
တကာ --- မှန်ပါ ဒီသဘောပါဘဲဘုရား
ဘုန်းကြီး -- ဒါ့ကြောင့် ကျေးဇူးရှင် ဘုရားက ဒွါရခြောက်ပေါက်က
မီးတွေလောင်နေတယ်ဟောခဲ့တာကိုး လောဘမီး တဏှာမီးတွေပေါ့ နောက်ပြီး
မင်းကို ပြောင်းပြန်မေးအုန်းမယ်
တကာ -- မေးပါဘုရား
ဘုန်းကြီး -- သွားကလဲခေါတယ်--- အသားကလဲ မဲတူးပြာနှမ်းနေတယ်-- ဆံပင်ကလဲတိုနံ့နံ့ ကျိုးတို့ကျဲတဲ -- စိတ်ကလဲမနှံ့ဘူး နေထိုင်ပုံကလဲ ညစ်ပတ်ပြီး ဆင်းရဲတဲ့ကောင်မလေး တစ်ယောက်က မင်းကိုတဖက်သတ်ကြိုက်နေရင် မင်းဘယ်လိုခံစားရမလဲ--
တကာ -- အရှင်ဘုရား ကိုယ့်တပည့်ရင်းကြီးကို ညှာညှာတာတာလေးလုပ်ပါဦးဘုရား
ဘုန်းကြီး ---တယ်လေ မေးတာကိုသာဖြေပါဟဲံ့  တစ်ခုလောက်ကောင်းရင်တောင်ကြိုက်
တကာ -- အဲဒါဆိုရင်တော့ မုန်းတာပေါ့ဘုရား ရွံ့တာပေါ့ဘုရား ဒေါသထွက်တာပေါ့ဘုရား အဲဒီပုံကြီးနဲ့ လက်မောင်းဆွဲပြီး ပတ်ချွဲနှပ်ချွဲညုတုတုပြောရင် ဆောင့်ကန်ချင်တယ်ဘုရား---
ဘုန်းကြီး --- တော်တော် တရားကျတဲ့အကောင် မင်းကိုမင်းလဲ မှန်ထဲပြန်ကြည့်ဦး ကိုယ်ကျတော့်ချောချောလှလှလေးလို
တကာ ---တင်ပါ့ ဘုရား
ဘုန်းကြီး--- အဲဒီမီးတွေ လောင်ချင်လား မလောင်ချင်ဘူးလား
တကာ --- မလောင်ချင်ပါဘူး ဘုရား ဒါပေမယ့်လူတိုင်းလောင်နေပါတယ် ဘုရား
ဘုန်းကြီး --- ဒါပေါ့ ဒါပေါ့ မီးကြီးတာနဲ့ သေးတာဘဲကွာပေမပေါ့ အဲဒီမီးကိုတတ်နိုင်သလောင် ညှိမ်းသတ်ရမကွဲ့
တကာ-- တင်ပါ့ဘုရား
ဘုန်းကြီး --- အဲဒီမီးကိုသတ်ဘို့ မီးသတ်ဆေးဘူးနှစ်မျိုးရှိသကွဲ့
တကာ --- အမိန့်ရှိပါဘုရား
ဘုန်းကြီး ---ပထမတစ်မျိုးက လူသားအားလုံးအသုံးပြုကြသကွဲ့ ခုဏဥပမာနဲ့ဆက်ရရင်--
အော်--ငါ့မှာမိန်းမရှိတယ်-- မသင့်တော်ပါဘူးလေ-- သူများတွေကဲ့ရဲ့မယ်
အော်--ငါ့မှာရည်းစားရှိတယ်--မေ
အော်--ငါအသက်ကြီး--ဆင်ခြင်ရမယ်-
အော်--ငါကနိမ့်ပါးတယ်--မရနိုင်
ကိုယ့်ကိုထိမှာစိုးလို့ ရှောင်ကျဉ်ကြတယ် မီးကိုတားတယ်-- ဟုတ်လား
တကာ---- တင်ပါ့ဘုရား
ဘုန်းကြီး -- အဲဒီလို မတားဘဲ ရရင် အမြတ်--မရရင် အရင်းဆိုပြီး စိတ်ထားယုတ်ယုတ်နဲ့ အတင်းဝင်ပူး အတင်းဝင်လုံးရင် သိက္ခာကျ တရားရင်ဆိုင်ရ ထောင်ကျ မီးတွေ -- မီးတွေ ဟုတ်လား
တကာ--- တင်ပါ့ နောက်တစ်နည်းလဲအမိန့်ရှိပါဘုရား
ဘုန်းကြီး--- နောက်တစ်နည်းကတော့ ဘုရားရှင်ရဲ့တရားတော်တွေနဲ့ အပြီုးငြိမ်းသတ်ခြင်းကွဲ့ ဒီပို့စ်ရဲ့  ရီပလိုင်းဘောင်အပြင်ရောက်သွာြး
တကာ--- အားလုံး ကြားကြားသမျှ -- အမျှ--- အမျှ---အမျှ ယူတော်မူကြပါကုန်လော့
No comments:
Post a Comment