ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, May 22, 2012

အဲသည်လိုအကိုမျိုး



အဲသည်လိုအကိုမျိုး

ကျွန်တော့သူငယ်ချင်း ပေါလ် မှာ ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အကိုကြီးထံမှ
ကားတစ်စီးရသည်။
ခရစ္စမတ် အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်
ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာ
မြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။

``ဒါ အကို့ ကားလား `` တဲ့။

ပေါလ် က ခေါင်းငြိမ့်ပြီး ``အေးကွ  ၊ ငါ့အကိုက
ခရစ္စမတ်လက်ဆောင်ပေးတာ``ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။

``ဟာ   ခင်ဗျားအကိုက ခင်ဗျားကို  အလကားပေးတာ--- ဟုတ်လား၊ ခင်ဗျား ပိုက်ဆံ
တစ်ပြားမှ မကုန် ဘူးပေါ့၊ ဟာဗျာ-- ကျွန်တော်သာ ဆုတောင်းလို့
ရမယ်ဆိုရင်------``ဆိုပြီး ကောင်လေး ရပ်နေသည်။
ဆုတောင်းလို့ရမယ်ဆိုရင် ကောင်လေး ဘာဆုတောင်းမလဲ ဆိုတာ  ပေါလ်
တွေးနေမိသည်။ သူ့မှာလည်း အဲဒီလို အကိုမျိုးတစ်ယောက် ရပါစေ လို့
ဆုတောင်းမှာပဲပေါ့။

သို့သော် ကောင်လေးထံမှ နောက်ထပ် ကြားလိုက်ရသော စကားကြောင့် ပေါလ်
ကြက်သီးမွေးညှင်း ထသွားသည်။

``ကျွန်တော် အဲဒီလိုအကိုမျိုး ဖြစ်ချင်လိုက်တာဗျာ   ``တဲ့။

ကောင်လေးကို သူအံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက်
ဘယ်လိုဖြစ် သွားသည်မသိ။ ``မင်း  ငါ့ကား လိုက်စီးကြည့်မလား`` ဟု မေးမိသည်။

``ဟုတ်ကဲ့  စီးချင်တာပေါ့ခင်ဗျာ``

ကားစီးပြီး ခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်သို့လှည့်ကာ ``အကိုရေ---
ကျွန်တော်တို့အိမ်ဘက် လှည့်မောင်းပေးလို့  ရမလားဗျ `` ဟုမေးသည်။
သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ် ပြုံးမိသည်။ ကေားတင်လေး
စိတ်ထဲ ဘာရှိနေသလဲ သူတွေးမိသည်။ သူ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ
အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ။
သို့သော် ဒီတစ်ခါလည်း ပေါလ် မှားပြန်ပါသည်။

``ဟို  လှေကားနှစ်ဆင့်နဲ့  အိမ်ရှေ့ ရပ်ပေးပါဗျာ--`` ကောင်လေးက ဆိုသည်။
လှေကားထစ်တွေ သူပြေးတတ်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံ ကြားရသည်။
တတ်သွားတုန်းကလို  မမြန်။ သူက ကလေးတစ်ယောက်ကို ချီယူလာခြင်းဖြစ်သည်။
ခြေမသန်သော သူ့ညီလေး။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ
ထိုင်ခိုင်းသည်။ သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး
ကားကိုပြသည်။

``ဟော  ဟိုမှာ တွေ့လား  ညီလေး၊ အပေါ်ထပ်မှာတုန်းက  အကိုကြီးပြောတာလေ၊ ဒါ
သူ့အကိုကြီးက ခရစ္စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး၊
နောက်ကျရင်  အကိုကြီးလည်း  ညီလေးကို ဒါမျိုးကား တစ်စီးဝယ်ပေးမယ်၊
အဲဒီအခါကျတော့ ညီလေးကို အကိုကြီး ပြောတဲ့ ခရစ္စမတ်လက်ဆောင်
အရောင်းဆိုင်တွေမှာ ပြထားတဲ့  အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး
လိုက်ကြည့်နိုင်မှာပေါ့ကွ--``  တဲ့။ သူက အားရပါးရ ပြောနေသည်။

ပေါလ် ကားထဲက ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍
ကားရှေ့ခန်းထဲထည့်သည်။ အကိုလုပ်သည့် ကောင်လေးက ဝမ်းသာအားရ သူ့ညီလေးဘေးမှ
ဝင်ထိုင်သည်။

အဲသည်နေ့က  သူတို့သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ
သုံးယောက်လုံးအတွက် တစ်သက်မမေ့နိုင်စရာဖြစ်ခဲ့သည်။

အထူးသဖြင့်  ပေါလ် အဖို့ သင်ခန်းစာ တစ်ခု မှတ်မှတ်သားသားရခဲ့သည်။
ယူရခြင်း အရသာထက် ပေးရခြင်းကြောင့်ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ်
ချိုမြိန်လှ၏----၊ ဟူသော  အသိတရား။

မူရင်း။    ။Dan Clark ၏ A Brother Like That
ဖေမြင့် - နှလုံးသားအဟာရ ရသစာများ

ိကိုစိုးနိုင်

No comments:

Post a Comment