ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, May 23, 2012

ဖိနပ်တစ်ရန်






မဟတ္တမဂန္ဒီရဲ့ ဖိနပ်တစ်ရန်



တစ်နေ့ မဟတ္တမဂန္ဒီကြီး ခရီးသွားရန် ရထားပေါ်အတတ်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူ ကောက်မယူနိုင်တော့။

ဘေးလူတွေ ငေးကြည့်နေကြဆဲ  ဂန္ဒီက အေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက်ကို ချွတ်ကာ စောစောက ကျကျန်ခဲ့သည့် နေရာဖက်ဆီသို့ လှမ်းပစ်လိုက်သည်။ 

``ဟာ   ဘာလုပ်တာလဲ``

ခရီးသည်တစ်ယောက်က မေးသည့်အခါ  ဂန္ဒီကြီးက ပြုံးပြီး--

``စောစောက တစ်ဖက်တည်း  ကောက်ရမယ့်လူ  အခုတော့ တစ်ရန် ရသွားမှာပေါ့ဗျာ--၊ အဲဒါဆို သူစီးလို့ ရသွားပြီ`` ဟုဖြေလေသည်။

မူရင်း။     ။The Little , Brown Book of Anecdotes မှ အမည်မသိစာရေးသူ၏ Shoes
ဖေမြင့်--- နှလုံးသားအာဟာရ(ရသစာများ)

No comments:

Post a Comment