သမိုင်း တန်ဖိုး-
။။
လူတွေဖြတ်သန်းလာခဲ့တဲ့
ဖြစ်ရပ်တွေ
အားလုံးဟာ
တစ်ချိန်ချိန်မှာ ``သမိုင်း``ဖြစ်သွားခဲ့ရင်
အဲဒီ``သမိုင်းကို``မှတ်တမ်းတင် ရမှာ
လူ့ တာဝန်ပါပဲ။ ။
ဒါပေမယ့်--
သမိုင်းတင်မယ့်
လူသားဟာ
အစွန်းနှစ်ပါးကို
ရှောင်ရှားနိုင်ရမယ်--
ဥပမာ--
၈၈ အရေးခင်းဆိုပါတော့
စစ်အစိုးရ
ဘက်တော်သားက
သမိုင်း အဖြစ်မှတ်တမ်းပြုကြရင်
ဖာချင်တဲ့ဟာ ဖာ။ ဖျောက်ချင်တဲ့ဟာ ဖျောက်
အဲဒီလို နှောက်ထားရင်
စစ်မှန်တဲ့
သမိုင်းတန်ဖိုး
ဘယ်လိုလုပ် ကိုးစားမလဲ။
။
နောက်ပြီး--
တော်လှန်ရေးသမားက
``သမိုင်း``အဖြစ်
မှတ်တမ်းပြုကြရင်လည်း
တစ်စိပ် ကိုတစ်အိတ်
ချဲ့
``ဖားပြုတ်ကိုက်တာကို တရုတ်ရိုက်ပါတယ်``ဆိုပြီး
ဇာတ်နာအောင် ပါးစပ် ဖွာလောင်တတ်ပြန်တော့လည်း
စစ်မှန်တဲ့သမိုင်း
ဘယ်ပေတံနဲ့တိုင်းမလဲ။ ။
ကျုပ်လဲလေ----
ဖတ်ခဲ့ရသမျှ----
ဒီအစွန်းနှစ်ပါးထဲကမလွတ်ကြတော့- ---
အနာဂတ် ကလေးတွေအရေး
စဉ်းစားပြီးရင်လေးတယ်။ ။
No comments:
Post a Comment