ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, May 14, 2012

အများအကျိုးရွက်သယ်ပိုးက


                  

 အများအကျိုးရွက်သယ်ပိုးက - -

          ‘ အများကောင်းကျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာပါ ’ ဆိုသောသူနှစ်ဦးကို တစ်နေ့တည်းတွင်
နှစ်ခါကြုံခဲ့ရပါ၏။

          ပထမတွေ့သူက အရပ်မြင့်မြင့် သွယ်သွယ်လျလျနှင့် စကားပြောညင်သာသူ ဖြစ်ပါသည်။
          သူကဆိုပါသည်။

          ‘ သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့် အေးစေသော်ဝ် --- ဆိုတဲ့စကားရှိ
တယ် မဟုတ်လားဗျာ၊ ကိုယ့်ကြောင့် အများသူငါ ကောင်းကျိုးရကြတယ်ဆိုရင် ကျွန်တော်ဝမ်းသာရတယ်
မဟုတ်လား၊ ဒါပေမယ့် -- အများအကျိုးကို ရည်မြှော်ပြီး လုပ်ပေးနေတာကိုပဲ သဘောမပေါက်၊ မသိနားမလည်
တဲ့သူတွေက ရှိနေလေတော့ အခက်အခဲတွေနဲ့ ကြုံရတာတွေ ရှိတာပေါ့၊ ကိုယ့်ကိုမနာလိုဖြစ်တာတွေ၊ ကိုယ့်
လုပ်ငန်းကို ဖျက်လိုဖျက်ဆီး လုပ်တာတွေ၊ ကဖျက်ယဖျက် လုပ်တာတွေ၊ အမနာပပြောတာတွေ --- ရှိတာပေါ့
ဗျာ၊ ရှိနေတာပေါ့၊ ဒီလိုရှိနေပေမယ့်လဲ ကိုယ်လုပ်ရမယ့် အလုပ်ကိုလုပ်မှာပါ ---

          အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း၊ မရွဲ့မစောင်း၊ မှန်လမ်းကြောင်းဖြင့် စိတ်ကောင်း
နှင့်ယှဉ်၊ ရှေးရှနှင်လော့ - ဆိုတဲ့ အဆုံးအမစကားအတိုင်း ကိုယ်ရည်ရွယ်ထားတဲ့ - ပန်းတိုင်အရောက် လျှောက်  
မှာပါပဲ၊ သွားမှာပါပဲ ---- ’

          သူ့စကားသံကို နားထောင်ရင်း အနှောင့်အယှက် အခက်အခဲတို့ကို ရင်ဆိုင်ဖို့ ‘ တင်း ’ ထားသော
သူ့၏မာန်ကို မြင်ယောင်၍ ရပါသည်။

          ဒုတိယတွေ့သူကတော့ အရပ်ခပ်ပြတ်ပြတ်၊ ကိုယ်လုံးကိုယ်ထည် ခိုင်ခံ့တောင့်တင်း၍ သူ့စကားသံက
လည်း မာကျောသည်။

          သူကဆိုပါသည်။

          ‘ ခင်ဗျား ကြားဖူးတယ် မဟုတ်လား၊ ကယ်ရဗင်လှည်းကြီးကတော့ သွားမြဲပဲ ---- ဆိုတာလေ ’

          သူဘာဆက်ပြောမလဲဆိုသည်ကို ကျွန်တော်က ငြိမ်၍ စောင့်သည်။

          ‘ ဟိုဗျာ -- အမေရိကတိုက်ကို နိုင်ငံပေါင်းစုံက လူတွေလာပြီး အခြေချစဉ် ကာလက မြင်းနှစ်ကောင် -
ဒါမှမဟုတ် လေးကောင်ဆွဲတဲ့ ကယ်ရာဗင် ( Caravan ) ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာ
ကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်၊ ရွှာတွေတည်ထောင်မိကြတဲ့အခါမှာလဲ အဲဒီပေါင်းမိုးမြင်းတပ် ကယ်ရာဗင်လှည်း
ကြီးထဲမှာ သတ္တုပစ္စည်းတွေ အိုးခွက်တွေရော၊ အခြားပစ္စည်းတွေရော အစုံပါတယ်၊ ဒီတော့ ဒီဈေးလှည်းကြီးလာ ရင်၊ လမ်းကလည်းမကောင်းတဲ့ခေတ်ဆိုတော့ --- လှည်းလှုပ်တိုင်း အိုးခွက်တွေ အချင်းချင်း တိုက်လို့ထွက်လာ
တဲ့ ဂလုံဂလွမ်အသံတွေရော၊ တစ်ခြားအသံတွေရော၊ သံစုံမြည်နေတာပေါ့၊ သံစုံမြည်နေတဲ့ ဒီလှည်းကြီးရွှာဝင်
လာပြီဆိုရင် ရွှာထဲကခွေးတွေက အဲဒီလှည်းကြီးကို ၀ိုင်းပြီးဟောင်ကြတယ်တဲ့ဗျ၊ ဒီလိုဝိုင်းပြီးဟောင်ကြပေမယ့်
လှည်းကြီးကတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ ---(THE DOGS BARK BUT THE CARAVAN GOES ON)တဲ့၊ ကျွန်တော်လဲ ကျွန်တော်သွားမယ့် ပန်းတိုင်ဆီ သွားမြဲသွားနေတာပါပဲ၊ အများအကျိုး ရှေးရှူလုပ်နေတာဖြစ်ပေ
မယ့် ဒါကိုသဘောမပေါက် နားမလည်သူတွေက ကျွန်တော်ကို ၀ိုင်းပြီး အပြစ်ပြောကြ၊ သရော်ပြောင်လှောင်ကြ၊
အတင်းအဖြင်းချကြနဲ့ ---- နှောင့်ယှက်လိုက်ကြတာ အများကြီးပါ၊ ၀ိုင်းဟောင်ကြတိုင်း လှည်းကြီးက ရပ်ရ
မယ်ဆိုရင် လိုရာအရပ်ကို ဘယ်ရောက်တော့မှာလဲဗျာ၊ သူတို့က၀ိုင်းပြီး သရော်လှောင်ပြောင် အပြစ်ပြောတိုင်း
သာ ကျွန်တော်သွားရမယ့်ခရီး၊ လုပ်ရမယ့်အလုပ်ကို ရပ်ရမယ်ဆိုရင်လည်း ပန်းတိုင်ကိုဘယ်ရောက်တော့မှာလဲ၊
လှည်းကြီးကတော့ သွားမြဲပင် -- ဆိုတာလို ကျွန်တော်လည်းသွားရမယ့် ပန်းတိုင်ဆီကို သွားမြဲပါပဲ ---

          သူ့စကားသံက မာကျောပါသည်။ပြတ်သားပါသည်။သူမှာ အားမာန်အပြည့် ရှိနေပါသည်။

          အထက်ပါပုဂ္ဂိုလ်နှစ်ဦးကို ကျွန်တော်က ကျေးဇူးအထူးတင်ပါသည်။အဘယ့်ကြောင့်ဆိုသော် ထိုသူတို့
နှင့်စာလျှင် ဘာမှမပြောပလောက်သည့်အလုပ်၊ မကြီးကျယ်သည့် အခက်အခဲ အနှောင့်အယှက်ဖြင့် တွေဝေရပ်
တန့်နေသော ကျွန်တော့်ကို ထိုနေ့ကတည်းကစ၍ ရှေ့သို့ ဆက်သွားဖို့ - သွားမြဲသွားနေဖို့ ထိုသူနှစ်ဦး၏
စကားများက လှုံ့ဆော်တိုက်တွန်းလိုက်ရာ ရောက်ခဲ့သောကြောင့်ပါတည်း။


                                                                                                နန္ဒာသိန်းဇံ


****  typing  by  မောင်ကောင်းစည်သူ -- ပဉ္စမတန်း

No comments:

Post a Comment