မျှော်တော်ယောင်
တစ်နေ့ တစ်နေ့
လက်ချိုးရေတွက်--
မျှော်လင့်ချက်နဲ့
အမြဲစောင့်စား လခစား။ ။
တစ်နေ့လုပ် တစ်နေ့ရ
နေ့စားခလဲ
အိမ်ရောက်တဲ့အခါ
ကြိုတင်ယူထား အကြွေးများဆပ်
နောက်တစ်ရက်ကားခ မလောက်င ။ ။
လမ်းဘေးဈေးမှာ --
ကုန်စိမ်းဖြန့်ခင်း
အမြတ်ဒင်းကြမ်း နှစ်ထပ်ကွမ်းလည်း
အတိုးကြီးစား အရင်းသမားကို
ပြန်ပြီးဆပ်ရ ဗိုက်မဝ။ ။
ဆိုက်ကားဆရာ--
ဆီမလိုပါလည်း
ဆီနဲ့ထပ်တူ အဟာရမကူတော့
အိပ်ယာထက်မှာ
မကြာခဏ အင်ဂျင်ချ.။ ။
အော်----
အခြေခံလူတန်းစား ဆင်းရဲသားတို့
လက်လှုပ် ချေလှုပ် တစ်ကုပ်ကုပ်နှင့်
မဆုတ်မနစ် ချွေးသံနစ်ကာ
ရှာဖွေပါမှ ဝမ်းဝရုံသာ
အသက်ရှင်ပါလဲ ---------
လက်မှတ်တစ်ခါထိုး
သိန်းရာ ကိုးဆယ်
အလွယ်ကလေး ပါမစ်ပေးတဲ့
အာဏာတန်ခိုး အရာရှိဆိုးနှင့်
ကပ်မြှောင်ဖားကာ အရာရာကို
ထောင်မြင် ရာစွန့်
လက်မတွန့်ပေးကမ်း
ရလမ်းချဲ့ထွင် ဓနရှင်တို့
ပုလင်းတူဗူးဆို့ --တွဲဖက်လို့သာ
ကာလကြာသော်--
ငါတို့မြန်မာ နိမ့်နိမ့်လာခဲ့။ ။
ထားလိုက်ပါလေ---- ရှိပါစေတော့
မမေ့ပေမယ့် သမိုင်းထက်မှာ
သင်ခန်းစာယူ နောင်မပြုမူပဲ
အနာဂတ်မှာ----
စာနာစိတ်ထား လူသားအချင်းချင်း
ယိုင်းပင်းကူညီ တူညီလက်တွဲ
ဝေခွဲ အခွင့်လမ်း မျက်ကမ်း အမြင်ဖွင့်
တလွင့်လွင့်တလူလူ
အောင်လံထူမည့်
အနာဂတ်မြန်မာ မြင်လိုပါသည်---
ရောက်လှည့်ပါတော့ ရောက်ပါတော့။ ။
No comments:
Post a Comment